
ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ၈.၅၈ ရာခိုင်နှုန်း မြင့်တက်လာ ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံကျော်မြင့်တက်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်မြှင့်တင်ရေးဗျူရို၏ နောက်ဆုံးတရားဝင်စာရင်းဇယားများ အရ ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းဒေါ်လာ ၄၈၂၈၃.၉၃ သန်း (ဇူလိုင် ၂၀၂၄ မှ ၂၀၂၅ ခုနှစ် ဇွန်လအထိ) နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကန်ဒေါ်လာ ၄၄၄၆၉.၇၄ သန်း ရရှိခဲ့သည်။ ဘဏ္ဍာနှစ်၏ ၁၂ လ (ဇူလိုင်လ ၂၀၂၄ မှ ၂၀၂၅ ခုနှစ် ဇွန်လ) တွင် ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒေါ်လာ ၃.၃၄ ဘီလီယံဖိုးရှိပြီး လွန်ခဲ့သည့်နှစ် အလားတူကာလ ကထက် ၇.၅၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ တိုးတက်မှုသည် အထည်ချုပ်လုပ်ငန်းများအတွက် ကြီးထွားလာနေသော ၀ယ်လိုအားက ကြီးမားသော အကြောင်းပြချက် ဖြစ်သည်။ စုစုပေါင်း အထည်ချုပ်နှင့် ယက်ထည်များအပါအဝင် အသင့်ချုပ်အထည်များ တင်ပို့မှု မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒေါ်လာ ၃၉.၃၅ ဘီလီယံ ရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ရည်မှန်းချက် ဒေါ်လာ ၅၀ ဘီလီယံရှိပြီး ယင်းအထဲတွင် အထည်ချုပ် ထုတ်ကုန်များမှ ကန်ဒေါ် လာ ၄၀.၄၈ ဘီလီယံရှိလာ ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)