
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာ အ.ထ.က ကျောင်းတွင် မြို့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နတ်ပေး အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို (၄-၇-၂၀၂၅) ရက်နေ့ နေ့လယ် (၁၂း၃၀၀) နာရီအချိန်က စစ်ဆေးခဲ့သည်။
ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကျောင်းမုန့်ဈေးတန်းတွင် ကလေးသူငယ်များကို ရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန် မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ဆိုးဆေး သုံးစွဲထားသော မုန့်များကို မရောင်းချရန် မှာကြားခြင်း၊ ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးရန်မသင့်သော မုန့်များကို ကလေးများ စားသုံးမိပါက ဘေးအန္တရာယ်ဖြစ်ပေါ်စေပြီး ဖြစ်စဉ်၏ အကြောင်းအရင်းအား သက်ဆိုင်ရာဌာနများမှ အရေးယူဆောင်ရွက်မည်ဖြစ် သဖြင့်မဖြစ်ခင်က ကြိုတင်သတ်ပြု ရောင်းချရန်၊ ရောင်းချသည့်အချိုရည်များ၊ မုန့်ထုပ်များ အမှတ်တံဆိပ်ရှိ/ မရှိ၊ ထုတ်လုပ်ခွင့်လိုင်စင်၊ ကုန်အညွှန်းအမှတ်အသား ရှိ/မရှိ၊ လက်လုပ်မုန့်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိနှင့် အသုပ်များရောင်းချရာတွင် ယင်လုံစွာ ရောင်းချမှုရှိ/ မရှိ အခြေအနေများအား စစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)