Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ဆန်တန်ချိန် ၄၀၀၀၀၀ နီးပါးတင်ပို့ရာမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ ၂၈၃ သန်းရရှိခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၃၈၇၀၇၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈၃ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) က ပြောကြားခဲ့ပါသည်။ ထိုဆန်များကို ပို့ကုန်လုပ်ငန်း ၅၀ ခုမှ နေရာပေါင်း ၆၃ ခုသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းပမာဏထဲတွင် အမေရိကန် ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိသောဆန်တန်ချိန် ၁၈၂၈၈၅ တန်ကို ဥရောပနိုင်ငံများ၊ အမေရိကန် ‌ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိသော ဆန်တန်ချိန် ၁၀၂၅၀၉ တန်ကို တရုတ်နှင့် ၎င်း၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၊ အမေရိကန်ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိသောဆန်တန်ချိန် ၅၂၈၉၀ တန်ကို အာဆီယံ ၇ နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၄၂ သန်းတန်ဖိုးရှိသောဆန်တန်ချိန် ၄၈၇၈၅ တန်ကို အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ နယူးဇီလန်နှင့် အခြားနိုင်ငံနှင့် ‌ဒေသများပါဝင်သော နိုင်ငံ ၃၂ ခုသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ တင်ပို့ ခဲ့သည့်ဆန်အမျိုးအစားများမှာ Fragrant rice (၇၅ ရာခိုင်နှုန်း)၊ Long-grain rice (၁၉.၆၈ ရာခိုင်နှုန်း)၊ parboiled rice (၂.၄၉ ရာခိုင်နှုန်း) နှင့် organic rice (၂.၁၃ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၇၅၇.၄၉ သန်းတန်ဖိုးရှိသော စပါးတန်ချိန် ၃၁၇၆၅၆၁ တန်ကို နယ်စပ်မှတစ်ဆင့်တင်ပို့ခဲ့ကြောင်း CRF ကပြောကြားခဲ့ပါသည်။ Khmer Times DOCA (ရန်ကုန်)