Main menu

ဗီယက်နမ်တွင်ကားအစီးရေ ၁ သန်းရောင်းချနိုင်ရန်နီးစပ်နေပြီဖြစ်သည့်တိုယိုတာ

Powered by Drupal
တိုယိုတာမော်တာဗီယက်နမ်က ၎င်းတို့သည် ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် ကားအစီးရေ ၂၉၀၀၀ ကျော်ကို ဗီယက်နမ်စားသုံးသူများထံရောင်းချခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၂ ရက်နေ့ကကြေညာခဲ့ပါ သည်။ ကုမ္ပဏီသည် ဇွန်လကုန်တွင် ဗီယက်နမ်၌ စုစုပေါင်းကားရောင်းချရမှုပမာဏမှာ အစီးရေ ၉၉၉၈၅၇ စီးထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ကုမ္ပဏီသည် ဗီယက်နမ်တွင် ၎င်းတို့အမှတ်တံဆိပ်ရောက်ရှိမှုနှစ် ၃၀ ပြည့်အခမ်းအနားတွင် ကားရောင်းချမှုအစီးရေ ၁ သန်းကို ကျော်ဖြတ်နိုင်ကြောင်း သိရပါသည်။ ကုမ္ပဏီ၏အဆိုအရ တိုယိုတာနှင့် Lexus ကားများပါဝင် သော ကားရောင်းချမှုမှာ အစီးရေ ၆၅၃၆ စီးသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ထိုပမာဏထဲတွင် ၆၂၁၃ စီးမှာ တိုယိုတာအမှတ်တံဆိပ်ကားများဖြစ်ပြီး ၂၁၆၃ စီးမှာ ပြည်တွင်း၌တပ်ဆင်ခြင်း ဖြစ်ပြီး ၄၀၅၀ စီးမှာ အပြည့်အဝတင်သွင်းလာသောကားများဖြစ်ကြောင်း သိရပါသည်။ တိုယိုတာ ၏ Hybrid ကားများရောင်းချရမှုမှာ အထင်ကြီးဖွယ်ကြီးထွားခဲ့ပြီး ဇွန်လတွင် အစီးရေ ၇၇၁ စီးဖြင့် ၂၀၂၄ ခုနှစ် ဇွန်လထက် ၂ ဆနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအချက်သည် ပြည်တွင်းစားသုံးသူများက သဘာဝပတ်ဝန်းကျင်နှင့်သင့်‌လျှော်ပြီး လောင်စာဆီသက်သာသော ကားများကို ဦးစားပေးမှုမြင့်တက်လာခြင်းကို ပြသနေကြောင်း သိရပါသည်။ ဇိမ်ခံကားကဏ္ဍတွင် Lexus သည် ၎င်း၏တည်ရှိမှုကို ဆက်လက်ခိုင်မာစေခဲ့ပြီး ဇွန်လတွင် အစီးရေ ၃၂၃ စီးရောင်းချခဲ့ ရကာ မေလထက် ၂ ဆနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်တွင် စတင်မိတ်ဆက်စဉ်မှစ၍ Lexus သည် စားသုံးသူများထံသို့ ကားအစီးရေ ၁၄၆၁၆ စီး ရောင်းချ ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ Vietnam Plus DOCA (ရန်ကုန်)