
လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ် ဂွိုင်ယန်မြို့တို့မှ ကိုယ်စားလှယ်လောင်းများသည် စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းများကို ရှာဖွေရန် မြို့တော် ဗီယန်ကျင်း၌ တွေ့ဆုံခဲ့သည်။ အခမ်းအနားတွင် ဂွိုင်ယန်မြို့တော်ဝန် Wang Hong က တရုတ်နှင့် လာအိုတို့သည် အိမ်နီးချင်း ကောင်း၊ သူငယ်ချင်းကောင်း၊ ရဲဘော်ကောင်းနှင့် မိတ်ကောင်းဆွေကောင်းဖြစ်ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်ရေးတိုးချဲ့နိုင်ရန်အတွက်လည်း မျှော်လင့် ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဗီယန်ကျင်းမြို့၏ လက်ထောက်အုပ်ချုပ်ရေးမှူး Sililaththongsin Thangpheng က ဗီယန်ကျင်းနှင့် ဂွိုင်ယန်တို့သည် ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာပြီး ကုန်သွယ်မှုအခွင့်အလမ်းများ ပိုမိုရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကုန်သွယ်မှုနှင့် ခရီးသွားလာရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် ရေးသဘောတူညီချက်(၇)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရသည်။
Source : Xinhua
DOCA(ရန်ကုန်)