
(၃၀.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မွေးမြူ ရေးဇုန်အတွင်း စိမ်းလန်းစိုပြည်စေရေးရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ချင်းကုန်းကျေးရွာ အုပ်စုတိုက်ကြီးမွေးမြူရေးဇုန် (၂၀၀၀) ၌ ကျင်းပခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲကို တိုက်ကြီးခရိုင်၊ စီမံအုပ်ချုပ်ရေးဥက္ကဌ ဉီးဆောင်၍ သစ်တောဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းလုပ်ကိုင်သူများပူးပေါင်း၍ မွေးမြူရေး ဇုန်ဧက (၂၀၀၀)အတွင်းရှိ ဆက်သွယ်ရေးလမ်းဘေးဝဲ/ယာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ မန်ဂျန်းရှား၊ မဟော်ဂနီ၊ ပိတောက်၊ ပျဉ်းမ၊ ပျဉ်းကတိုး စုစုပေါင်း(၃၅၀၀၀)ပင်ကို တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)