Main menu

လက်ပံတန်းမြို့ကုန်မျိုးစုံရောင်းဝယ််ရေးဆိုင်များသို့ “Singnal” သွားတိုက်ဆေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့်၂၅.၆.၂၀၂၅ ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ကုန်မျိုးးစုံ ရောင်းဝယ် ရေးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသည့် “Singnal” အမှတ်တံဆိပ်ကုန်ပစ္စည်းနှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်အလက်များကို တိုက်ဆိုင်စစ် ဆေးခဲ့ရာတွင် “Singnal” သွားတိုက်ဆေးအတု၏အချက်အလက်များ မတွေ့ရှိရပါကြောင်းသိရှိရပြီး မြို့နယ် တာဝန်ခံဦးချစ်ကိုကိုနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)