Main menu

ပြည်ခရိုင်၊ ပြည်မြို့နယ် အောင်ဆန်း အ.ထ.က ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများပြုလုပ်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အောင်ဆန်း အ.ထ.က ကျောင်းတွင် (၁၈.၆.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ပြည်မြို့နယ် စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ဌာနအသီးသီး၏ သိမှတ်ဖွယ်ရာ အသိပညာ ဗဟုသုတများ၊ လေ့လာမှတ်သားစရာအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ရှေးဦးစွာကျောင်းအုပ်ဆရာကြီးက အသိပညာဗဟုသုတများကို ဂရုတစိုက် လေ့လာမှတ်သား ကြရန် ကျောင်းသား/ကျောင်းသူများကို အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးမှ စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေ ရန်နှင့် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်များဖတ်ရှုလေ့လာရေးအကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူးရုံး ဒေါ်ဝါဝါအောင်မှ တိုင်းရင်းဆေးပညာအခေါ်အဝေါ်နှင့် ကျန်းမာရေး အထောက်အကူ ပြု တိုင်းရင်းဆေးပညာအကြောင်း ဆက်လက်၍ ပြည်မြို့နယ်စားသုံးသူရေးရာမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သီတာမှ စားသုံးသူရေးရာဦးစီးဌာနစတင်ဖွဲ့စည်းပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါရှိသည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား များဆိုင်ရာ သိကောင်းစရာများအကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးများနှင့် တစ်စုံတစ်ရာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် ဌာန၏ Websiteလိပ်စာများအကြောင်း စသည်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ အောင်ဆန်း(အ.ထ.က)ကျောင်းမှ ကျောင်းသား/‌ကျောင်းသူ (၂၀၄)ဦးတက်ရောက်ခဲ့ကြ ပါသည်။
ထို့နောက်အောင်ဆန်း(အ.ထ.က)ကျောင်းဝန်းအတွင်းရောင်းချနေကြသည့် မုန့်ဈေးဆိုင်များအတွင်း ရောင်းချနေသောမုန့်အမျိုးမျိုးနှင့် အချိုရည်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)