Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd နှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၄) ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း၊ ယာဉ်အမှတ် 7J-2781 / ISUZU မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန် ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အလားတူ (၁၀း၀၀) နာရီအချိန်တွင် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် အဆိုပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 / Nissan မော်‌တော်ယာဉ်နှင့် (၁၃း၃၀) အချိန်တွင် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ (၉၈) ပေပါကို ယာဥ်မောင်း ဦးမျိုးဇင်အောင်၊ ယာဉ်အမှတ် 7J-2717/ Hino မော်‌တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ ထပ်မံရောက်ရှိလာရာ အဆိုပါစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၂၃၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)