
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd နှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၄) ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း၊ ယာဉ်အမှတ် 7J-2781 / ISUZU မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန် ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အလားတူ (၁၀း၀၀) နာရီအချိန်တွင် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် အဆိုပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 / Nissan မော်တော်ယာဉ်နှင့် (၁၃း၃၀) အချိန်တွင် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ (၉၈) ပေပါကို ယာဥ်မောင်း ဦးမျိုးဇင်အောင်၊ ယာဉ်အမှတ် 7J-2717/ Hino မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ ထပ်မံရောက်ရှိလာရာ အဆိုပါစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၂၃၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)