Main menu

ယူကေ – အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် တရားဝင်စတင်အကောင်အထည်ဖော်ခြင်းဖြင့် ကုန်သွယ်ရေးအခွင့်အလမ်းများ တိုးတက်လာ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့မှစ၍ ယူနိုက်တက်ကင်းဒမ်း (ယူကေ) နှင့် အမေရိကန် နိုင်ငံတို့အကြား နိုင်ငံခြားကုန်သွယ်ရေး သဘောတူညီချက်အသစ်တစ်ရပ် တရားဝင်စတင်အကောင်အထည်ဖော်ခြင်းဖြင့်၊ ယူကေမှ ကားထုတ်ကုန် ၁ သိန်းအထိကို အမေရိကန်သို့ တင်ပို့ရာတွင် ၁၀% အခွန်နှုန်းဖြင့်သာ ချမှတ်မည် ဖြစ်ကြောင်း သိရှိရပါတယ်။ ထို့အပြင် အလူမီနီယံမော်တော်ယာဉ် (aluminium vehicles) နှင့် သံမဏိ ထုတ်ကုန်များအတွက်လည်း ထူးခြားသတ်မှတ်ချက်များဖြင့် သီးခြားစည်းမျဉ်းများကို သက်ရောက် အောင်ပြုလုပ်သွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ကုန်သွယ်ရေး အခွင့်အလမ်းအသစ်များ ဖွင့်လှစ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ အဆိုပါ သဘောတူညီချက်သည် ယူကေ နှင့် အမေရိကန် နိုင်ငံတို့၏ ကုန်သွယ်ရေးဆက်ဆံရေးကို ပိုမိုနီးကပ ်စေပြီး၊ နှစ်နိုင်ငံလုံးအတွက် စီးပွားရေးအကျိုးကျေးဇူးများ တိုးတက်လာစေမည့် အရေးကြီးမြင့်မားသော ခြေလှမ်းတစ်ခုဖြစ်ပါသည်။
DOCA (ဧရာဝတီ)