Main menu

မြေရှားသတ္တု တင်ပို့ဆိုင်ခြင်းဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တဲ့ တရုတ်နှင့် အမေရိကန်

Powered by Drupal

တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အကြား မြေရှားသတ္တု တင်ပို့ဆိုင်ခြင်းဆိုင်ရာ သဘောတူ ညီချက်တစ်ရပ်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် လန်ဒန်မြို့ရှိ Lancaster House တွင် တရားဝင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါတယ်။ အဆိုပါသဘောတူစာချုပ်သည် တရုတ်မှ အမေရိကန် သို့ သတ္တုထုတ်ကုန်များကို အမြန်ဆုံး၊ ထိရောက်စွာပေးပို့နိုင်ရန်နှင့် ထောက်ပံ့ရေး ကွင်းဆက်အပေါ် ယုံကြည်မှုတိုးမြှင့်ရေးအတွက် ရည်ရွယ်ထားပါတယ်။ အဆိုပါသဘောတူညီချက်လက်မှတ်ရေးထိုးပွဲသို့ တရုတ်နှင့် အမေရိကန်တို့၏ စီးပွားရေး၊ နည်းပညာနှင့် နယ်သာလန်ဝန်ကြီးများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်ဘက်မှ ချထားခဲ့သည့် တချို့သော ကန့်သတ်ချက်များကိုလည်း ပြင်ဆင် လျှော့ချရန် သဘောတူခဲ့ကြကြောင်းလည်း သိရှိရပါတယ်။ ဤသဘောတူညီမှုသည် နည်းပညာ ထုတ်လုပ် မှုများအတွက် အရေးကြီးဆုံး သဘာဝအရင်းအမြစ်များဖြစ်သည့် မြေရှားသတ္တု များကို တိုးတက် ကောင်းမွန်သော ပမာဏဖြင့်ရရှိနိုင်စေမည့်အပြင်၊ ကမ္ဘာ့ဓာတ်ငွေ့သတ္တုစျေးကွက်တည်ငြိမ်မှု ကိုလည်း ထောက်ပံ့ပေးနိုင်မည်ဟု ခန့်မှန်းထားကြသည်။ ထို့အပြင်၊ နိုင်ငံနှစ်နိုင်ငံအကြား ယုံကြည်မှုတိုးပွားမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာရန် အခြေခံကာကွယ်ရေးအဖြစ်ပါဝင်မည်ဖြစ်ပြီး၊ နည်းပညာတိုးတက်မှုနှင့် ကမ္ဘာ့ထုတ်လုပ်မှုကဏ္ဍအတွက် ရှေ့ဆက်ကောင်းမွန်မှုများကိုမျှော်လင့်ရကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။
DOCA (ဧရာဝတီ)