
(၂၃-၆-၂၀၂၅)ရက်နေ့မှ (၂၇-၆-၂၀၂၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း(၂/၂၀၂၅) ဖွင့်လှစ်ခဲ့ရာ ပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၄)ဦးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာများ၊ စားသုံးသူ ကာ ကွယ်ပေးရေးအကြောင်း သိကောင်းစရာ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ ဘာ သာရပ်၊ Recall and Ban အကြောင်းသိကောင်းစရာ၊ သတင်း/ဆောင်းပါးရေးသားနည်း အကြောင်းသိကောင်းစရာ၊ ခွင့်ကိစ္စအကြောင်းသိကောင်းစရာ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ ဝန်ထမ်းကျင့်ဝတ်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ၊ Online Shop အကြောင်းသိကောင်းစရာ၊ ငွေစာရင်းအကြောင်းသိကောင်းစရာနှင့် ဝန်ထမ်းမှတ်တမ်း စာအုပ် အကြောင်း သိကောင်းစရာစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ဦးစီးဌာန၏ မျှော်မှန်းချက် (vision) ၊ ရည်မှန်းချက်(Mission)များကို သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ကယား)