Main menu

၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ပီရူးနိုင်ငံ၏ သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှုမြင့်တက်လာ

Powered by Drupal

    ပီရူးနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ ပထမလေးလအတွင်း သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၇.၂၁၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံ၏ သတ္တုတွင်း၊ ရေနံနှင့် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းက ဇွန်လ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။ ကြေးနီသည် နိုင်ငံ၏ ထိပ်တန်း တွင်းထွက်ပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ကြေးနီတင်ပို့မှုသည် ၄၇ရာခိုင်နှုန်းနှင့် ၎င်း၏ နောက်တွင် ရွှေတင်ပို့မှု ၃၆ ရာခိုင်နှုန်းတို့ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

    ကြေးနီတင်ပို့မှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၁၁၃ ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၅.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ရွှေတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆.၂၇၂ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်ကထက် ၄၄.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

  ရွှေ၊ ငွေ၊ ကြေးနီနှင့် အခြားတွင်းထွက်ပစ္စည်းများ အဓိကထွက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ပီရူးနိုင်ငံ၏ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုသည် ယခုနှစ်၏ ပထမလေးလအတွင်း စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

Source : Xinhua                                                                               

 DOCA(ရန်ကုန်)