Main menu

ဆန်းသစ်ပဲမုန့်မျိုးစုံလုပ်ငန်းကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးလှစိုးနှင့်ဝန်ထမ်းများ သည် (၂၄.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆန်းသစ်ပဲမုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၄/၂၉)၊ နဝဒေးလမ်း၊ နွယ်ခွေရပ်ကွက်၊ မင်္ဂလာဒုံ မြို့နယ်ရှိ ဆန်းသစ်ပဲမုန့်မျိုးစုံလုပ်ငန်းအား သွားရောက်ခဲ့ရာ လုပ်ငန်းအမျိုးအစား၊ ထုတ်လုပ်သည့် ပမာဏ၊ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ရယူထားခြင်း ရှိ/မရှိနှင့် အခက်အခဲတို့ကို မေးမြန်းခဲ့ပြီး အဆိုပါထုတ်ကုန်များကို ပြည်တွင်းကိုသာ ဖြန့်ဖြူးရောင်းချခြင်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ ကုန်အညွှန်အမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)