Main menu

လှိုင်သာယာ(အရှေ့ပိုင်း)ရှိ ဆန်သိုလှောင်ရုံကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၂၅.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ပြည်တွင်းအခွန်များဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီတို့ပူးပေါင်းအဖွဲ့သည် ဆန်သိုလှောင်ရုံအား ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

      အမှတ်(၃၈၅)၊ လှသိင်္ဂီလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်သိုလှောင်ရုံအား စစ်ဆေးခဲ့ရာတွင် ဆန်များထားရှိမှုအခြေအနေနှင့် MyRo တွင် ဆန်/စပါး သိုလှောင်ရုံမှတ်ပုံတင်ရှိ/မရှိ စစ်ဆေးခဲ့ပြီး သိုလှောင်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တာဝန်ခံမှ လိုက်လံရှင်းလင်းပြသရာ အဖွဲ့စုံမှ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)