Main menu

ပန်းတနော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအကြောင်းကို ကျေးရွာနေပြည်သူများအား ဟောပြောဆွေးနွေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ချေးငွေထုတ်ချေးပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးခြင်းကို (၂၄-၆-၂၀၂၅) နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မင်းဂရုကျေးရွာအုပ်စု စောပန်ကျေးရွာတွင် solar home system 60 watt 21nos ၊ 100 watt 35 nos တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ရေလဲနှဲကောကျေးရွာတွင် မြစိမ်းရောင်ချေးငွေထုတ်ချေးပေးနိုင်ရေးအသင်းသူ/ သားများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ပြီးနောင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ကျေးရွာနေပြည်သူများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ရာ မိမိတို့ အသုံးပြုသော ကုန်စည်များကို ရေါးချယ်ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်သော , ကုန်စည်ကိုသာရွေးချယ်ဝယ်ယူ၍ အသုံးပြူဆောင်ရွက်ရန်ကိုလည်း ကောင်း၊ မြန်မာစာဖြင့် သုံးစွဲပုံနည်းလမ်းပါဝင်သောကုန်စည်၊ ကြိုတင်သတိပေးချက်ပါဝင်သောကုန်စည်၊ သတင်းအချက် အလက်များကို သေခြာစွာလေ့လာကြည့်ရှု ပြီး အသုံးပြုနိုင်ရန်၊ ကုန်စည်တွင်ပါဝင်သော သတင်းအချက်အလက်များအတိုင်း လိုက်နာသုံးစွဲပါက ဘေးအန္တရာယ်ကင်းရှင်ပြီး လုံခြုံစိတ်ချစွာအသုံးပြုနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး အခန်’(၁၈) ပါ ကုန်အညွှန်းအမှတ်အသားအကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပါက တိုင်ကြားနိုင်သော နည်းလမ်း ၇မျိုးနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ပြီးကျေးရွာနေပြည်သူ (၁၄၀)ဦးတက်‌ရောက် ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)