Main menu

ညောင်တုန်းမြို့နယ် စားဆီအရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၅-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၇၃၀)နာရီအချိန်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက ဈေးအတွင်း ရောင်းချနေသော စားဆီအရောင်းဆိုင်များတွင် ၂၅ ၇◌က်နေ့ ဇွန်လက သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖော်ပြခြင်း၊ ရောင်းချသည့် ဆီပိဿာများကို ဖော်ပြခြင်း၇ှိ/မရှိနှင့် စားဆီရောင်းချနေသော ဆီအရောင်းဆိုင်များမှ ပြည်သူများက သတ်မှတ်ရက်အတွင်း ဆီစာအုတ်ဖြင့် ဝယ်ယူမှု စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဆိုင်ရှင်များကို ပြည်သူများနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ဆီစာအုတ်များပျောက်ခြင်း ဖြစ်ပေါ်ပါက ဆီဆိုင်ပိုင်ရှင်၏ ပျောက်ဆုံးစာအုတ်ဟောင့် ပယ်ဖျက်ကြောင်း ထောက်ခံစာပေးရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့သို့ တင်ပြပြီး ဆီစာအုပ်ထပ်မံထုတ်ယူရရှိနိုင်ရေးကို ဆောင်ရွက်ပေးနိုင်ရန် ပူးပေါင်းဆောင် ရွက်ရန်ကိုလည်းကောင်း မှာကြားခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးနိုင်ရန် အပါတ်စဉ် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရျိကြောင်း သိရသည်။
DOCA(ဧရာဝတီ)