Main menu

ဇူလိုင်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို အင်ဒိုနီးရှားအစိုးရ တိုးမြှင့်

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို တစ်တန် လျှင် ၈၇၇.၈၉ ဒေါ်လာနှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဇွန် ၃၀ ရက်နေ့၌ ကြေညာချက်ထုတ်ပြန်ချက်အရ သိရှိရသည်။

    ဇွန်လ၌ ၎င်းရည်ညွှန်းဈေးနှုန်းကို တစ်တန်လျှင် ၈၅၆.၃၈ ဒေါ်လာ သတ်မှတ်ထားခဲ့ရာ ယခု ၂၁.၅၁ ဒေါ်လာ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါ ဈေးနှုန်းတိုးမြှင့်မှုသည် ပြည်ပ သို့ စားအုန်းဆီတင်ပို့ရာ၌ ကုန်စည်ပမာဏအပေါ် စည်းကြပ်သည့်အခွန်ကို ပြောင်းလဲစေမည် မဟုတ်ပဲ ဇွန်လကအတိုင်း ဇူလိုင်လတွင်လည်း တစ်တန်လျှင် ၅၂ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

     အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီ ပို့ကုန်အခွန်အပေါ် ကုန်စည်တင်ပို့မှုအခကြေးငွေကိုလည်း ထပ်ဆောင်းကောက်ခံလျက်ရှိရာ စားအုန်းဆီကြမ်းအတွက် ၁၀ ရာခိုင်နှုန်းနှင့် စားအုန်း ဆီချောထုတ်ကုန်များအတွက် ရည်ညွှန်းဈေးနှုန်းအပေါ်မူတည်၍ ၄.၇၅ ရာခိုင်နှုန်းမှ ၉.၅ ရာခိုင် နှုန်းအကြား စည်းကြပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Malaysia Palm Oil Board, 1 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)