Main menu

Electric Vehicle (EV) ကားအစိတ်အပိုင်းများထုတ်လုပ်သူအဖြစ် အာဆီယံဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ ထင်ရှားလာ

Powered by Drupal

ဗီယက်နမ် နိုင်ငံသည် Electric Vehicle (EV) ကားအစိတ်အပိုင်းများထုတ်လုပ်ရာတွင် အာဆီယံ ဒေသတွင်း ထင်ရှားသောထုတ်လုပ်သူတစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ မော်တော်ကား ထုတ်လုပ်မှု အကြီးဆုံးကုမ္ပဏီဖြစ်သည့် Vingroup အပါအဝင်၊ ဗီယက်နမ်မှ EV ကားအစိတ်အပိုင်း ထုတ်လုပ်သူများသည် EV Battery၊ Motor Parts၊ Charging Systems စသည့်အဓိကပစ္စည်းများကို ထုတ်လုပ်၍ ထိုင်း၊ မလေးရှားနှင့် စင်္ကာပူ တို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ ဗီယက်နမ် နိုင်ငံသည် ထုတ်လုပ်မှုနှင့်တင်ပို့မှုကို တစ်စိတ်တစ်ပိုင်းစီလုပ်ဆောင်ခြင်းမရှိဘဲ၊ supply chain တစ်ခ ုတည်းဖြင့် စနစ်တကျစီမံခြင်း ကြောင့် ထုတ်ကုန်တင်ပို့ချိန်ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ သည့်အပြင် ထုတ်လုပ်မှုကြာမြင့်ချိန်များကိုလည်း သိသိသာသာ မြှင့်တင်လာနိုင်ခြင်းကြောင့် ASEAN နှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်များ က လက်ခံအသုံးပြုကြခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)