Main menu

ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်ရေး ဆက်ဆံရေး အနာဂတ်ကောင်းမွန်

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များ၊ အထည်အလိပ်နှင့် စက်မှု ကုန်ပစ္စည်းများအပါအဝင် အဓိကထုတ်ကုန်အမျိုးအစားများတွင် ကုန်သွယ်ရေးပူးပေါင်းမှု အဆင့်မြင့် လာ သည်ကို တွေ့ရှိရပါတယ်။ အထူးသဖြင့် Belt and Road Initiative (BRI) အောက်တွင် တာဝန်ယူ ဆောင်ရွက်နေသော အဆောက်အအုံ စီမံကိန်းများ၊ ကုန်တင်လမ်းကြောင်းများ တိုးချဲ့မှုနှင့် နည်းပညာအကူအညီများက ကုန်သွယ်မှုစီးဆင်းမှုကို ပိုမိုထိထိရောက်ရောက်ဖြစ်စေနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း၌ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားမှ ငရုတ်သီး၊ မက်မွန်သီး၊ ဆန် စသည့် လယ်ယာ ထွက်ကုန်များကို တင်သွင်းမှုမြှင့်တင်လာခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်မှလည်း တရုတ်သို့ အထည်အလိပ်နှင့် စက်မှုကုန်များ တင်ပို့မှုများ တိုးလာခြင်းကို တွေ့နိုင်ပါတယ်။ လက်ရှိတွင် China-Cambodia Free Trade Agreement (CCFTA) နှင့် Regional Comprehensive Economic Partnership (RCEP) တို့အောက်တွင် အခွန်သက်သာခွင့်များရရှိနေသဖြင့် လုပ်ငန်းရှင်များအတွက် တိုးတက်မှုအခွင့်အလမ်းများ ဖွင့်လှစ်နေနိုင်ပြီ ဖြစ်ပါတယ်။ အနာဂတ်တွင် တရုတ်နှင့် ကမ္ဘောဒီးယားအကြား ကုန်သွယ်ရေးဆက်ဆံရေးသည် ပိုမိုခိုင်မာ လာပြီး ဒေသတွင်း စီးပွားရေးပူးပေါင်းမှုများအတွက် မျှော်မှန်းချက်ကောင်းများရှိနေပြီ ဖြစ်ကြောင်း နိုင်ငံ တကာသတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)