Main menu

ဗီယက်နမ်နည်းပညာဝန်ဆောင်မှုများ စင်္ကာပူဈေးကွက်သို့ ဝင်ရောက်

Powered by Drupal

ဗီယက်နမ် နိုင်ငံမှ Fintech၊ HealthTech နှင့် E-learning ကဏ္ဍများအတွင်းရှိ နည်းပညာ ကုမ္ပဏီ အသစ်များသည် စင်္ကာပူဈေးကွက်သို့ တက်ကြွစွာ ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါ ကုမ္ပဏီ များသည် ဗီယက်နမ်တွင် စမ်းသပ်ပြီး အောင်မြင်မှုရရှိထားသော mobile app၊ ငွေပေးချေစနစ်၊ ကျန်း မာရေး အိုင်တီ platform များကို တိုက်ရိုက်စင်္ကာပူတွင် မိတ်ဆက်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာအေဂျင်စီများသည် ဗီယက်နမ်က နည်းပညာ ဝန်ဆောင ်မှုများအပေါ် ယုံကြည်မှုရှိကြောင်း၊ အရည်အသွေးမြင့်ပြီး စျေးနှုန်းချိုသာမှုကြောင့် စင်္ကာပူဈေးကွက်၌ ယှဉ်ပြိုင်နိုင်မှုရှိသည်ဟု ထောက်ပြထားသည်ကိုလည်း တွေ့ရှိရပါတယ်။ ယခုကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ နည်းပညာများ ဝင်ရောက်လာမှုသည် ဗီယက်နမ်နည်းပညာကုမ္ပဏီများအတွက် နိုင်ငံတကာဈေးကွက် တစ်ခုဖြစ်သော စင်္ကာပူသို့ တိုးချဲ့နိုင်မည့်အရေးကြီးအခွင့်အလမ်းဖြစ်ပြီး ASEAN နယ်မြေအတွင်း နည်း ပညာ အပြန်အလှန် စီးပွားရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)