Main menu

လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ရန်အတွက် နိုင်ငံတကာပူးပေါင်းမှုများ စတင်ဆောင်ရွက်နေတဲ့ မလေးရှားနိုင်ငံ

Powered by Drupal

ဆီအုန်ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်သော မလေးရှားသည် လတ်တလောတွင် နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းသော လယ်ထွန်းစိုက်ပျိုးနည်းများ၊ သန့်ရှင်း သောထုတ်လုပ်မှုစနစ်များ (clean production systems) ကို လက်ခံအသုံးပြု သွားမည် ဖြစ်သည်ဟု ကြေညာထားကြောင်း သိရှိရပါတယ်။ အဆိုပါ လုပ်ဆောင်မှုတွင် UK-based Sustainable Agriculture Network (SAN)၊ Dutch Development Bank (FMO) နှင့် Japan’s Green Growth Fund တို့က စိုက်ပျိုးနည်းပညာပြောင်းလဲမှုအတွက် ငွေကြေး၊ နည်းပညာနှင့် စက်ကိရိယာဆိုင်ရာ အထောက် အပံ့များပေး နေပြီး အထူးသဖြင့် မလေးရှားနိုင်ငံအရှေ့ပိုင်း Sabah နှင့် Sarawak ရှိ စိုက်ပျိုးသူများအား ဦးစားပေး ထောက်ပံ့ပေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ မလေးရှားအစိုးရ၏ "Green Economy Transition Roadmap 2030" အတွင်း၌ပါဝင်သော ဤစီမံကိန်းသည် လယ်ယာထုတ်လုပ်မှုအတွင်း သဘာဝသက်သာမှု (sustainability)၊ မျိုးစေ့ထိန်းသိမ်းမှု၊ မြေညီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတို့အတွက် အဓိကအခန်းကဏ္ဍထမ်းဆောင်မည်ဟု မျှော်မှန်းရပါတယ်။ ဤပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှား၏ ဆီအုန်း ထုတ်လုပ်မှုသည် နိုင်ငံတကာဈေးကွက်တွင် ပတ်ဝန်း ကျင်နှင့် ကိုက်ညီမှုရှိသည့် ထုတ်ကုန်အဖြစ် အသိအမှတ်ပြုခြင်းရရှိလာမည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်း များအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)