Main menu

မြန်အောင်မြို့မနေခြည်ဈေးအတွင်းထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍(၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ စတိုး ဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ကုန်စည်အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန် စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ သက်တမ်း လွန် အလှကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ၊ Unilever EAC Myanmar Co.,Ltd အမှတ်တံဆိပ်ပုံစံ တူ “ Signal သွားတိုက်ဆေးဗူးအတုများ” ရောင်းချမှုရှိ/မရှိ ကွာခြားမှု ဖော်ပြချက်များနှင့် ကိုက်ညှိ စစ်ဆေးကာ ဈေးကွက်အတွင်း တုပရာင်းချသော ကုန်စည်များရောင်းချမှုမရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြ ထားသော ကုန်စည် များကို သာရောင်းချ ရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေ ရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ် ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စုံဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)