Main menu

ဟင်္သာတမြို့နယ် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၃-၆-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့မဈေးအတွင်းရှိ အခြေခံစား သောက်ကုန် အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ အခြေခံစားသောက်ကုန်စည်များအား ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေး စိစစ်ခဲ့ ပြီး၊ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဒုတိယပတ်နှင့် နှိုင်းယှဉ် ပါက စားအုန်းဆီဈေးနှုန်းသာ အနည်းငယ်ကျဆင်းသွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)