Main menu

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နေ့လည် (၁၅:၀၀) အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာန ၏လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်လျက် ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Onlineမှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး၊ညနေ(၁၇:၀၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)