
မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် (၂၁.၆.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီ အချိန်တွင် ဒု-ခရိုင်ဦးစီးမှုး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် အမှတ်(၉) ရပ် ကွက်ရှိ အကယ်ဒမီ(ဦးစန်းဝင်းဦး) ဆန်ရောင်းဝယ်ရေးဆိုင်သို့ ဆန်စပါးသို လှောင်ရုံမှတ်ပုံတင် ခြင်းဆိုင်ရာ(MyRO)တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်ပါတ်သက်၍ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှု အခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင် နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-MyRO )အား အစိုးရ-ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင် ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ် ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ် ကြောင်းနှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသောသူများအနေဖြင့် MyRO တွင် အချိန်မီမှတ်ပုံတင်နိုင်ရေး၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည် ဖြစ်ပါ၍သတ်မှတ်ထားသည့် ပမာဏများကို သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်း ရှင်များအနေဖြင့် MyRO တွင် မှတ်ပုံတင်ကြရန်လိုအပ်ပါကြောင်းနှင့် လိုအပ်ပါကလည်း ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA( မန္တလေး)