Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အတွင်းရှိ အချိုရည်လက်လီ/လက်ကားဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ Ocean Super Center သို့   ထိုင်းဘာသာဖြင့် ဖော်ပြထားသော Sprite အချိုရည်များ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထိုင်းဘာသာဖြင့် ဖော်ပြထားသော Sprite အချိုရည်များအား ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အချိုရည်များအား ထားသိုသိမ်းဆည်းရာတွင်လည်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့စွာ မထားရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)