Main menu

မြင်းခြံမြို့နယ်၌ MyRoမှတ်ပုံတင်ခြင်းဆိုင်ရာ Talk Showဆောင်ရွက်

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူဇာမိုး (ဒု-ဦးစီးမှူး) က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုခြေပြု ဗဟိုဌာန (Community center) ခန်းမ၌ Talk Show အစီအစဉ်တွင် MyRo မြန်မာ့ဆန်စပါးအွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရ သည်။

  အဆိုပါ ဆွေးနွေးပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒေါ်နွဲ့နွဲ့အေး၊ လက်ထောက်ညွှန်ကြားရေးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်နိုင်မှုအခြေအနေနှင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ MyRo အကြောင်းဆွေးနွေး ပေးပါရန် ပြောကြားခဲ့ပြီး မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူဇာမိုး(ဒု-ဦးစီးမှူး)က MyRoမြန်မာ့ဆန် စပါးအွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ဆန်စပါးအရည်အသွေးထိန်းသိမ်းရေး၊ ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းရောင်းဝယ်မှုစနစ် တကျမှန်ကန်ရေးတို့ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် စားသုံးသူရေး ရာဦးစီးဌာနနှင့်မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ပူးပေါင်းပြီး ဆန်စပါးသိုလှောင်မှုလုပ်ငန်းတွေကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်ရေး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင် ရာအမိန့်ထုတ်ပြန်ပြီး (၂)လပြည့်မြောက်သည့် ၂၃-၁၂-၂၀၂၄ရက်နေ့နောက်ပိုင်းတွင် သိုလှောင်ရုံ မှတ်ပုံတင်လျှောက်ထားမှုမရှိကြောင်း စိစစ်တွေ့ရှိရလျှင် အရေးယူခံရနိုင်မှုအခြေအနေများ၊ စီးပွား ရေးလုပ်ငန်းဆောင်ရွက်ရန်ရည်ရွယ်ပြီး ဆန် ၂၅ တန်နှင့်အထက်၊ စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်မည်ဆိုပါက မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)