
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့သည် ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ (အမှတ် -၂ ) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းသို့ ရှောင်တခင်သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိသော ကုန်စည်များရောင်း ချမှုရှိ/ မရှိစစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသော မုန့်များ အားရောင်းချခြင်းမပြုရန် ၊ Mask တပ်ဆင်ကြရန် ၊ လက်အိတ်များဝတ်ဆင်ကြရန် အစားအသောက် များအား အဖုံးအအုပ်များ ဖုံးအုပ်ထားရှိရန် တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အချက်များ အား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)