Main menu

အမေရိကန် တင်သွင်း/ တင်ပို့ စျေးနှုန်းလျော့ကျမှုနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ

Powered by Drupal

            မေလ ၂၀၂၅ တွင် အမေရိကန်၏ တင်ပို့စျေးနှုန်းမှာ ၀.၉% လျော့ကျသဖြင့် စီးပွားရေး တင်းမာမှုများ သက်သာလာကြောင်း အမေရိကန် အလုပ်သမားဌာန(BLS)မှ ထုတ်ပြန်ကြောင်း သိရှိရပါတယ်။ တရုတ်နှင့် ဂျပန်တို့၏ တင်သွင်းမှုစျေးနှုန်းများမှာ အနည်းငယ်လျော့ကျခဲ့သော်လည်း၊ ဥရောပသမဂ္ဂမှ တင်သွင်းစျေး ၀.၄% တက်လာခြင်းကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်တိုးတက်မှုအတွက် အခွင့်အလမ်းများ ပိုမိုမြင့်တင် လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသို့ လေကြောင်းကုန်ပို့နှုန်းနှင့် လေကြောင်းခရီးသည်ခ စျေးနှုန်းများလျော့ကျမှုက သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များ လျော့နည်းစေပြီး စီးပွားရေးကောင်းမွန်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သကဲ့သို့ ဤသက်သာလာမှုများသည် စီးပွားရေးတည်ငြိမ်မှုအတွက် အားဖြည့်စေနိုင်မည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)