
အမေရိကန်အစိုးရသည် တရုတ်မှတင်သွင်းသော ပစ္စည်းများအပေါ် အခွန်များကို ဆက်တိုက် မြှင့်တင်နေကြောင်း သိရှိရပါပြီး မကြာသေးမီက ထုတ်ပြန်ခဲ့သော မူဝါဒအသစ်များအရ တရုတ်ပစ္စည်း အချို့အပေါ် ၁၀ ရာခိုင်နှုန်းအခွန်ကို ပြန်လည်တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းကို “Liberation Day Tariffs” ဟုလည်း ခေါ်ကြောင်း သိရှိရပါတယ်။ အဆိုပါ အခွန်မူဝါဒအသစ်များကြောင့် တရုတ်နှင့်အမေရိကန်ကြားရှိ ကုန်သွယ်ရေးပမာဏတွင် ချိန်ညှိမှုများဖြစ်နိုင်သော်လည်း၊ စီးပွားရေးပညာရှင်များက ဤအပြောင်းအလဲ သည် အခြားဒေသများအတွက် အခွင့်အလမ်းသစ်များဖန်တီးနိုင် မည် ဖြစ်ပါသည်။
အထူးသဖြင့် ထုတ်လုပ်ရေးစနစ်များသည် တရုတ်မှသာမက အာဆီယံနိုင်ငံများ၊ အာရှ အနောက် ပိုင်းနိုင်ငံများသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာနိုင်ပြီး ဒေသတွင်းစီးပွားရေးတိုးတက်မှုအတွက် အခြေခံအဖြစ်သုံးနိုင်သည်။ ထို့ပြင် အမေရိကန်က တရုတ်အပေါ် သတ်မှတ်ထားသည့် ၁၂၅ ရာခိုင်နှုန်း အခွန်များကိုလည်း အနာဂတ်တွင် ပြန်လည်သုံးသပ်နိုင်သော အလားအလာရှိနေသည်။ ယင်းက နိုင်ငံတကာ ကုန်သွယ်ရေးစနစ်မှာ ပိုမိုတင်းကျပ်သော်လည်း တိကျမှုရှိလာရန် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သည်ဟု သုံးသပ်သူများက ဆိုကြသည်။
DOCA(ဧရာဝတီ)