Main menu

ဘိုကလေးမြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၂၉) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက ဆီဖြန့်ဖြူးရောင်းချသူ လက်လီ/လက်ကား ကိုယ်စားလှယ် များအားလုံး ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ ဈေးနှုန်း ဆိုင်းဘုတ်များတွင် ရောင်းချသည့် ကုမ္ပဏီ၊ နေ့စွဲ၊ ရောင်းချသည့် ပိဿာ ၊ ဆိုင်းဘုတ်ကပ် ရောင်းချရာတွင် ဝန်ခံဂတိပြု လက်မှတ်ရေးထိုး၍ ရောင်းချစေပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကျေးရွာများသို့ အိမ်ထောင်စု စာရင်းနှင့် ကိုက်ညီ၍ ဆီထုတ်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ၅ ဦးကော်မတီဖွဲ့၍ ကျေးရွာများသို့ ဆီဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် စားသုံးသူရေးရာကိစ္စရပ်များနှင့် ပက်သက်၍ တိုင်ကြားလိုပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)