Main menu

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇွန်လ (၂၄)ရက်နေ့ တွင် မိတ္ထီလာမြို့နယ်၊ ဆင်စလွယ်ကျေးရွာရှိ “သန့်” စားသောက်ကုန်လုပ်ငန်းသို့ လုပ်ငန်းလုပ်ကိုင် ရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍    ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသောက်ကုန် အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ဖြစ်စေ၊ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း များကိုသာ ရောင်းချပါရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)