
(၂၅-၆-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အမှတ်(၁) ရပ်ကွက်အတွင်း ရောင်းချနေသော ရပ်ကွက်လက်လီဆိုင်များသို့ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ Signal သွားတိုက်ဆေးအတုများ ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် အမှတ် (၁) ရပ်ကွက်အတွင်း ရောင်းချနေသော ရပ်ကွက်လက်လီကုန်စုံဆိုင်များတွင် Signal သွားတိုက်ဆေးအတုများဈေးကွက်အတွင်း ရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း “Signal” အမှတ်တံဆိပ် သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g နှင့်စပ်လျဉ်း၍ ကုန်စည်အတုများ ရောင်းချနေခြင်း မရှိပါကြောင်း တွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးဇင်မင်းကိုကိုက စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာထုတ်လုပ် ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)