Main menu

ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်းပွဲပြုလုပ်

Powered by Drupal

    ၂၄.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ် အကဲဖြတ်မှတ်တမ်းများအရကျောင်းအဆင့်သတ်မှတ်ရန်အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်း ပွဲအခမ်းအနားကို အ.ထ.က (ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     ဆွေးနွေးပွဲတွင် ကျိုက်ထိုခရိုင် ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဘီးလင်းမြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်က ကျောင်းအဆင့်သတ်မှတ်မှု မှတ်တမ်း (မြို့နယ်အဆင့်) အသိပေးရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘီးလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မွန်က ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်း၊ ကျောင်းအဆင့် သတ်မှတ်အကဲဖြတ် အမှတ်ပေးပုံစံများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျိုက်ထိုခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုးက ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

   အဆိုပါ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များရှင်းလင်းပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်း (၁၅၀) ကျောင်းမှ ကျောင်းအုပ်ဆရာ၊ဆရာမကြီးနှင့်တာဝန်ခံဆရာ၊ဆရာမ ၁၅၀ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

DOCA (မွန်)