Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာရှိ ရေသန့်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ဖော်ပြခြင်းနှင့်ဈေးကွက်မရောက်မှီကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၀.၆.၂၀၂၅) ရက်နေ့ နံနက်(၁၁;၃၀)နာရီက အိမ်မဲမြို့နယ်ပါရမီဒေါင့်အတွင်းရှိရေသန့်လုပ်ငန်းတွင်ရောင်းချသောရေသန့်ဘူများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိနှင့် စပ်လျှင်း၍ဈေးကွက်မရောက်မှီ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ ရေသန့်လုပ်ငန်းများသို့ သွားရောက်၍ ဈေးကွက်မရောက်မှီရေသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ‌ရေသန့်လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)