Main menu

မြင်းခြံမြို့ ပြောင်းဖူးဖက်လက်လီဈေးနှုန်း

Powered by Drupal

   မြင်းခြံမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိသော အညာဒေသတစ်ခုဖြစ်ပြီး ဆေးရွက်ကြီးပင်များစိုက်ပျိုး၍ ဆေးလိပ်ထွက်ရှိသော ဒေသတစ်ခုလည်းဖြစ်ပါသည်။ ဆေးလိပ်ရှေး ယခင်ကတည်းက လူကြီးများသည် တောဓလေ့အရ ဆေးလိပ်ကို မိမိတို့ကိုယ်တိုင် လိပ်၍သောက် ကြပါသည်။ တောင်သူဦးကြီးများ တောသို့ထွက်လျှင် အဆင်သင့်ယူသွားရန်အတွက် အိမ်ရှင်မများက လိပ်ထားပါသည်။ ဆေးရိုး၊ပြောင်းဖူးဖက်များကို တောင်းလေးနှင့်သီးသန့်ထည့်၍ လိပ်ပါသည်။ ယခုအချိန်ထိ ပြောင်းဖူးဖက်ဖြင့် ဆေးလိပ် ကိုယ်တိုင်လိပ်၍ သောက်သူများလည်း ရှိနေသေး ကြောင်း သိရပါသည်။ ထို့ကြောင့် မြင်းခြံမြို့ မြို့မစည်ပင်သာယာဈေးတွင် ပြောင်းဖူးဖက်နှင့် ဆေးရိုးရောင်းချသောဆိုင်များလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြောင်းဖူးဖက်ကို ယောမြို့၊ဆောမြို့နှင့် ဂန့်ဂေါမြို့မှ ဝယ်ယူရောင်းချကြောင်း ၊ ပြောင်းဖူးဖက် (သန့်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ပြောင်းဖူးဖက် (လတ်) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်နှင့် ဆေးရိုးတစ် ပိဿာလျှင် (၂၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိဈေးရှိကြောင်း၊ ယခုအခါ သယ်ယူပို့ဆောင်ခဈေးနှုန်းများ ကြီးမြှင့် သောကြောင့် ပြောင်းဖူးဖက်ဈေးနှုန်းနှင့် ဆေးရိုးဈေးနှုန်းများ မြင့်သွားကြောင်း သိရှိရသည်။

DOCA(မန္တလေး)