Main menu

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိရေး လာရောက်လျှောက်ထားမှု

Powered by Drupal

  မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာ မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်ရှိ SPK ကိတ်မုန့်လုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ကုန်စည်တွင်ထည့်သွင်းဖော်ပြရမည့် အချက်များ ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် (၁၉.၆.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားမေးမြန်းဆောင်ရွက်ခဲ့ရာတွင် စားသုံး/ထုတ် လုပ်ဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း၊ အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစားတို့ကို  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင် စေရေးနှင့်သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ SPK ကိတ်မုန့်လုပ်ငန်းပိုင်ရှင် မှလည်း ဆက်လက်၍ လိုအပ်သည့်အချက်များ ဖြည့်စွက်၍ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။ 

DOCA(မန္တလေး)