Main menu

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် video editing ပြုလုပ်နည်းအခြေခံသင်တန်းဖွင့်လှစ်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌  ပြုလုပ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅) တွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးထွန်းထွန်းနိုင်၊ ဦးစီးအရာရှိမှ video editing ပြုလုပ်နည်း အခြေခံသင်တန်းအား ပို့ချခဲ့ပြီး (၁၉.၆.၂၀၂၅)ရက်နေ့နှင့်(၂၀.၆.၂၀၂၅) ရက်နေ့တို့တွင် (၂) ရက် သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၂)ဦး တက်ရောက်ကြပြီး သင်တန်းတွင် video editing ပြုလုပ်နိုင်သည့် software များ၊ software ဖြင့် video editing ပြုလုပ်ရာတွင် အခြေခံကျသည့် အချက်အလက်များကို သင်တန်းသားများအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။   

DOCA(မန္တလေး)