Main menu

မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးသည် (၂၀.၆.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ခရိုင်ဦးစီးမှူးရုံး၌ အောင်သင်္ကြန် ပဲကြော်လုပ်ငန်းရှင် အားခေါ်ယူတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

  ပဲကြော်ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အနေဖြင့် မိမိထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ကြရန်၊ ထုတ်လုပ်ရာတွင်လည်း အစားအစာများကို ကြော်လှော်သည့်လူများမှလည်း တကိုယ်ရည်သန့်ရှင်းသပ်ရပ်စွာပြုလုပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်နေရာ ပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်းနှင့် ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာပါက အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်းရှင်အနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံပြီး သတ်မှတ်ထားသော အလေးချိန်ပမာဏ ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)