Main menu

Signal အမှတ်တံဆိပ်သွားတိုက်ဆေးအတုနှင့်သွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၃.၆.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးသို့ သွားရောက်၍ Signal အမှတ်တံဆိပ်သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း Signal အမှတ်တံဆိပ် သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိကြောင်း၊ အခြားသောသွားတိုက်ဆေးအမျိုး မျိုးတို့အားစစ်ဆေးကြည့်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင် ရာ‌ခွင့်ပြုထောက်ခံချက်ပါသော သွားတိုက်ဆေးတို့ကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)