Main menu

အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်(ခွဲ) မုန့်ဈေးတန်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   (၁၈.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တ ရာယ်ကင်းရှင်းစေရေးတို့အတွက် ဦးတင်ဇော်ထွေေး (ဒု-ခရိုင်ဦးစီးမှူး)ဦးဆောင်သော စစ်ဆေးရေးအရာရှိများနှင့် ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် အချိုရည်များ၊ အသင့်စားမုန့်များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသော အချိုရည်များ၊ အသင့်စားမုန့်များသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိသော အချိုရည်များ၊အသင့်စားမုန့်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

DOCA(မန္တလေး)