Main menu

မအူပင်မြို့နယ် လုပ်ငန်းသုံးဆီခွဲတမ်း ရရှိမှုအား ထုတ်ယူနိုင်ရေး ဆောင်ရွက်ခြင်း

Powered by Drupal

            မအူပင်ခရိုင်အတွက် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူနိုင်ရေး ၂၃-၆-၂၀၂၅ ရက်နေ့က စက်မှုလုပ်ငန်းများ စားအုန်းဆီထုတ်ယူရရှိနိုင်ရေး South Dagon Oil Mills Co.,Ltd မှ ခွဲတမ်းရရှိခဲ့ပြီး မအူပင်မြို့နယ်အတွက် လုပ်ငန်းသုံးဆီထုတ်ယူ ငွေပေးချေ၍ လုပ်ငန်းရှင် လက်ဝယ်အရောက် အသုံးပြုနိုင်ရေးကို စားသုံးသူရေးရာ ဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            မအူပင်ခရိုင်တွင် စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူခွင့် ဇွန်လအတွက် လုပ်ငန်းရှင် ၄၅၈ဦးအား ထုတ်ယူနိုင်ရေးကို ဆက်သွယ်‌ောဆင်ရွက်ခဲ့ပြီး တစ်ဦးလျှင် ဆီ ပိဿာ ၂၀နှင့် သတ်မှတ်ရည်ညွှန်းဈေး (၉၃၂၅)ကျပ်ဖြင့် မအူပင်မြို့နယ် ဆီကိုယ်စားလှယ် ဦးသက်ဦး၊ ဦးဝေလင်းထွန်း၊  တို့ထံတွင် ထုတ်ယူနိုင်ရေး စက်မှုလုပ်ငန်းရှင်များအား ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဆီထုတ်ယူသည့်အခ့ သတ်မှတ်စည်းကမ်းများနှင့်အညီ လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးနှင့် ရရှိသော ဆီပိဿာများကို ပြန်လည်ရောင်းချခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)