
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စားအုန်းဆီရောင်းချပေးလျက်ရှိရာ ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ စားအုန်းဆီလက်လီအရောင်းကိုယ်စားလှယ်များရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ရောင်းချမှုတွင် စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများ လက်ဝယ်သို့နိုင်ငံတော်မှ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှင့်အမှန်တစ်ကယ် ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တို့အား သွားရောက်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)