Main menu

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

Powered by Drupal

  မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ၂၀.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကဒါရပ်ကွက်၊ မင်္ဂလာဈေးရှေ့၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ထိုသို့ ရောင်းချ‌ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် အမဲသား တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဧည့်မထဆန် (၁) ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိဿာ (၆၈၉၆) ကျပ်၊ ကြက်ဥ (၄) လုံး (၁၅၀၀) စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေး‌ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရောင်းချနေမှုများအား ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)