
(၁၈.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ဦးတင်ဇော်ထွေေး (ဒု-ခရိုင်ဦးစီးမှူး)ဦးဆောင်သော စစ်ဆေးရေးအရာရှိများနှင့် ကျန်းမာရေးဦးစီးဌာန နှင့် ပူးပေါင်း၍ မြင်းခြံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် အသင့်စားမုန့်များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ ဝင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်းအ မှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသော မုန့်များသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိသော အသင့်စား မုန့်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက် နစ်နာဆုံးရှုံး မှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)