Main menu

“ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo) တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းအသိပေး”

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်စပါသိုလှောင်ရုံလုပ်ငန်းရှင် များအား MyRo တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းအသိပေးခဲ့ကြောင်းသိရှိရပါသည်။ဝန်ကြီးဌာနအနေ ဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကို(၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက်(သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့် အထက်သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ၊ မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား စာဖြင့်သတိပေး ခြင်း ၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သောလုပ်ငန်းလိုင်စင် ၊ မှတ်ပုံတင်လက်မှတ် ၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာအစိုးရဌာနကပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား ကွင်းဆင်း အသိပေးခဲ့ကြောင်း၊ဇွန်လဒုတိယပတ်အတွင်း ဆန်စပါးသိုလှောင်ရုံ(၆၃)ရုံအား MyRo တွင်မှတ်ပုံတင် ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)