
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၉) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆန်စပါးကုန်သည်အသင်း အဖွဲ့ဝင် ဦးအောင်သန်းဇော်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဇလွန်မြို့နယ်အနေဖြင့် မိုးစပါးများလက်ကျန်နည်းပါးနေပြီး နွေစပါးများ ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်ဆန်ဈေးနှုန်းပေါ်မူတည်၍ တင်ပို့ရောင်းချ လျက် ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အဓိကဆောင်ရွက်လျက်ရှိပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူ စားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည် အသင်းတာဝန်ရှိသူများမှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက်ခိုင်မာမှု၊ တောင်သူနှင့် ကုန်သည်များအကြား ဆန်စပါးဈေနှုန်း သင့်တင့်မျှတမှုရှိမှသာ အဆင်ပြေမှာဖြစ်ကြောင်း စသည့်တို့ကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)