Main menu

မြန်အောင်မြို့ အခြေခံပညာမူလတန်းကျောင်း(မြို့မတဲကြီးကုန်း)ရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး ဒေါ်ယဉ်ယဉ်ထွန်းနှင့် အငယ်တန်းစာရေးသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် (၀၈:၃၀)အချိန်တွင် မြန်အောင်မြို့၊ မြို့မတဲကြီးကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင်  ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ခဲ့ရာ ကျောင်းမုန့်ဈေးတန်းတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော မုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်၊ သက်ဆိုင်ရာဌာနထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ မုန့်ဈေးတန်းရောင်းချသူများအနေဖြင့် လက်လုပ်မုန့်များ၊ သရေစာမုန့်များ လတ်ဆတ်သန့်ရှင်းမှုရှိစေရန်၊ ကျောင်းမုန့်ဈေးတန်းဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်စေရန်၊ အသိပညာပေးဆွေးနွေးခဲ့ပြီး ရောင်းချသောမုန့်များ၊ အချိုရည်ဗူးများတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို သိသာထင်ရှားစွာဖော်ပြထားသည့် အစားအသောက်များကိုသာရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု  သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)